မိုင်းယုမြို့ရှိ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန် ပိုလီယိုကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေး

မိုင်းယု   ၂   စက်တင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ပိုလီယိုကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၇ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး၊ ထိုးနှံပေးခဲ့သည်။

 

mdn

 

အဆိုပါ ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံခြင်းကို ဝမ်တာကြန့်ကျေးရွာနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်ဝေဝေလွင်တို့က မြို့ပေါ်နှင့် ကျေးရွာများရှိ အသက် တစ်နှစ်အောက် ကလေးငယ်  ၃၂ ဉီးကို ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ် ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများအား တိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်(၉)ဦးတို့ကို မေးခိုင်ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)