မိုင်းယုဒေသ၌ ဆောင်းသီးနှံ ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မိုင်းယု အောက်တိုဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသည့် တစ်ပိုင်တစ်နိုင် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့အနက်မှ စီးပွားဖြစ် ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများကို စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြသည်။

 

ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများကို တာကြန့်ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိသည့် စိုက်ပျိုးမြေနေရာများတွင် အများဆုံးစိုက်ပျိုးပြီး ရွှေဖရုံသီး တစ်ဧကလျှင် အလုံးရေ ၁၅၀ဝ မှ ၂၀ဝ၀ အထိ ထွက်ရှိကြောင်းနှင့် ရွှေဖရုံသီး တစ်ကီလိုလျှင် ယခင်နှစ် ဒေသပေါက်ဈေးမှာ ကျပ် ၂၀၀ ပေါက်ဈေးရရှိကြောင်း သိရသည်။

 

အလားတူ ငရုတ်တွင်လည်း ငရုတ်အစပ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြပြီး ယခင်နှစ် ငရုတ်သီးအစပ် အစိမ်းသီး တစ်ကီလိုလျှင် ကျပ် ၃၀၀၀ ထိ ပေါက်ဈေးရကြပြီး ငရုတ်သီးကို တစ်ပတ်တစ်ကြိမ် ခူးဆွတ်ပေးရကြောင်း သိရသည်။

 

ခုနှစ် စက်တင်ဘာလအထိ ရောင်းချရသည့် မိုးအစေ့ပြောင်း တစ်ကီလိုပေါက်ဈေးမှာ ကျပ် ၈၁၀ ကျော် (တရုတ်ယွမ် ၁ ဒသမ ၈ ယွမ်) ပေါက်ဈေး အမြင့်ဆုံးထိရရှိကာ ကီလို ၅၀ ပါတစ်အိတ်လျှင် ကျပ် ၄၀၅၀၀ (တရုတ်ယွမ် ၉၀)ထိရရှိကြောင်း တောင်သူများထံမှ သိရှိရသည်။

 

ကိုကိုနိုင်