မိုင်းယန်းမြို့နယ်၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုင်းယန်း ၁၂ အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီခွဲက ပါလျှံဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

ေ

 

ရှေးဦးစွာ မြို့နယ်တွင်းဘုန်းတော်ကြီးကျောင်း (၁၆)ကျောင်းမှ ကျောင်းထိုင်ဆရာတော် (၁၆)ပါးအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ရေစက်သွန်းချ၍ တရားတော်နာယူကာ ကုသိုလ်အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ နံနက် ၇ နာရီတွင် အဆိုပါကျောင်းတိုက်မှ မြို့မပန်းခြံလမ်းတစ်လျှောက် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် (၂၆၁)ပါးအား လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

ေ

 

မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာနေအလှူရှင်များ စုပေါင်း၍ စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

 

ေ

 

မြို့နယ်(ပြန်/ဆက်)