မိုင်းယောင်း၌ ဝေးလံခက်ခဲဒေသနေ ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သန်ချဆေးတိုက်ကျွေး

မိုင်းယောင်း ၂၅ ဧပြီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများသည် ဝေးလံခက်ခဲသော ဒေသနေ ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သန်ချဆေးများကို ဧပြီ ၂၄ ရက်က ကျေးရွာများအရောက် သွားရောက်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

 

ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းများသည် အထူးဒေသ(၄)ရှိ ပါလောင်းကျေးရွာအပါအဝင်၊ မြို့နှင့်အလှမ်းဝေးပြီး ခက်ခဲသော ဒေသနေ ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သန်ချဆေးများကို ကွင်းဆင်းတိုက်ကျွေးပေးခဲ့ကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)

 

2.0