မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၀)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇူလိုင် ၁၃ ရက်က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၀)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အဝင်/အထွက်ဂိတ်တွင် ခရီးသွားလာသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၃ ရက်က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၁၀)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀)ဦးအနက် (၂)ဦးအား ကျိုင်းတုံမြို့စစ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးပြီး ကျန်လူနာများအား မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်၌ထားရှိ၍ ဆေးကုသမှုပေးလျက်ရှိသည်။ ဆက်လက်၍ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၃ ရက်ထိ ကိုဗစ်အတည်ပြုလူနာ (၃၄)ဦးထိရှိိပြီဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)