မိုင်းပန်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်မည်

မိုင်းပန်  ၃  မတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် နွေရာသီ အခြေခံအားကစား သင်တန်း(၅)မျိုးကို မတ် ၁၁ ရက်တွင် စတင်ဖွင့်လှစ်၍ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းများတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးနှင့် မြို့နယ်အားကစားကွင်းတွင်လည်းကောင်း၊ စစ်တုရင် အားကစားနည်းကို အ.လ.က(ခွဲ) မြို့မတွင်လည်းကောင်း၊ ကြက်တောင်အားကစားနည်းကို စဝ်ကောလီခန်းမတွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

သင်တန်းသို့ ကျောင်းသား ကျောင်းသူများသာမက လူကြီး၊ လူငယ်၊ ကျား၊ မမရွေး လာရောက်သင်ကြားနိုင်ပြီး သင်တန်းကာလ မတ် ၁၁ ရက်မှ ဧပြီလ ၁ဝ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းများကို မိုင်းပန်မြို့ အားကစားကော်မတီနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူး၍ မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုဆန်း (မိုင်းပန်)