မိုင်းပန်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ပြည်သူများလက်ဝယ်အရောက် ပေးအပ်လှူဒါန်း

မိုင်းပန်  ၁၀  ဧပြီ

 

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်မှထောက်ပံ့ကူညီသော အခြေခံစားသောက်ကုန်(၅)မျိုး ဖြန့်ဝေထောက်ပံ့လှူဒါန်းခြင်း ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၁ နာရီတွင် မိုင်းပန်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မိုင်းပန်မြို့ပေါ် ရပ်ကွက်နှင့်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု (၄၂)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည် ၊ ဆီ ၅၀ ကျပ်သား ၊ ဆား ၅၀ ကျပ်သား ၊ ကုလားပဲ ၁ ပိဿာနှင့် ကြက်သွန်နီ ၁ ပိဿာတို့ကို အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အိရွှေစင်လတ်(မိုင်းပန်)