မိုင်ပေါင်း ၂၅၀ဝ ကျော်ရှိ မြန်မာပြည် မြောက်ဖျားမှ တောင်ဖျားသို့ စက်ဘီးစီးနင်းရောက်ရှိ

ကော့သောင်း ၁၉  မေ

 

Outdoor Adventure Myanmar အဖွဲ့၏ Kaleidoscopic Expedition Myanmar ခရီးစဉ်အဖြစ် စက်ဘီးစီး အားကစားသမားတစ်ဦး မြန်မာပြည်မြောက်ဖျား ပူတာအိုမြို့မှတစ်ဆင့် မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းမြို့ ဘုရင့်နောင်အငူသို့ စက်ဘီးစီးနင်းကာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

wef

 

ကမ္ဘာအမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သူ ပထဦးဆုံး မြန်မာနိုင်ငံသား စက်ဘီးစီး အားကစားသမားတစ်ဦးဖြစ်သည့် ကိုဝင်းကိုကိုသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ကချင်ပြည်နယ် ပူတာအိုမြို့ မြန်မာနိုင်ငံ မြောက်ဖျားစွန်းရွာများဖြစ်သော တဟွမ်းဒမ်း၊ ဂူဘား၊ မဒိမ်းရွာများမှတစ်ဆင့် စက်ဘီးဖြင့် စတင်ထွက်ခွာလာခဲ့ပြီး မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းမြို့၊ ဘုရင့်နောင်အငူအထိ ခရီးအကွာအဝေး မိုင်ပေါင်း ၂၅၀ဝ ကျော်အား စက်ဘီးစီးနင်းကာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ စက်ဘီးစီးနင်းခြင်းကို မြန်မာနိုင်ငံတွင် ရေမြေတောတောင် သဘာဝအခြေခံ အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် ယင်းအားကစားနည်းများ ပြုလုပ်နိုင်သည့်နေရာများ ဖော်ထုတ်နိုင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝတရားကို ချစ်မြတ်နိုးပြီး ယင်းကိုအမှီပြုသော ဆက်စပ်အားကစားများ လက်ဆင့်ကမ်းပြန့်ပွား၍ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် နိုင်ငံသားကောင်းများ မွေးထုတ်ပေးရေးနှင့် ငြိမ်းချမ်း၍ ရေမြေတောတောင် သဘာဝအလှများ တည်ရှိရာ မြန်မာနိုင်ငံအား ကမ္ဘာတစ်ဝှမ်းက ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ယခုလို ခရီးရှည် စက်ဘီးစီးနင်းခြင်းဖြစ်ကြောင်း သိရသည်။

 

efd

 

ခရီးစဉ်တစ်လျှောက် ဖြတ်သန်းလာသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့များတွင် သုတေသနလုပ်ငန်းများ၊ အခြေခံ သဘာဝပတ်ဝန်းကျင် အလှများအား မှတ်တမ်းတင်ခြင်း စသည့်လုပ်ငန်းများ အချိန်ယူ ဆောင်ရွက်ခဲ့ခြင်းကြောင့်  ခရီးစဉ်အစမှ အဆုံးအထိ အချိန်ကာလ ၄ လနှင့် ၂၆ ရက် ကြာမြင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ စက်ဘီးဖြင့် ဖြတ်သန်းရာ မြန်မာပြည် အရပ်ရပ်ရှိ မြို့ရွာများမှ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ နွေးထွေးပျူငှာသည့် အပြုအမူများကြောင့် စိတ်ခွန်အားများ တက်ကြွခဲ့ရကြောင်း စက်ဘီးစီးအားကစားသမား ကိုဝင်းကိုကို၏ ပြောကြားချက်အရ သိရသည်။ 

 

ကျော်စိုး(ကော့သောင်း)