မိုင်းနင်းမိ၍ ကျောက်မဲပြည်သူ့ဆေးရုံး၌ ဆေးကုသမှုခံယူနေသည့် ဦးဇင်း ၃ ပါးအား ထောက်ပံ့ငွေလှူဒါန်း

ကျောက်မဲ   ၁၅   အောက်တိုဘာ

 

နမ့်ဆန်မြို့နယ်၊ လွယ်ပြတ်ကျေးရွာ ကားလမ်းဘေး လက်ဖက်ခြံအနီးတွင် အောက်တိုဘာ ၁၃ ရက်နေ့က ဦးဇင်း ၃ ပါး မိုင်းနင်းမိ၍ ဒဏ်ရာများအသီးသီးရရှိကာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က ရောက်ရှိလာပြီး ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါ ဆေးကုသမှုခံယူနေသည့် ဦးဇင်း ၃ ပါးအား ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်စောင့်ရှောက်ရေး ကော်မတီ ဥက္ကဌဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး ဦးဇင်း တစ်ပါးလျှင် ငွေကျပ်  ငါးသောင်း စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

မန္တလေးမြို့ အနောက်ခေမာဝန်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ပြီး ဗုဒ္ဓတက္ကသိုလ်၌ တက်ရောက် နေသော အရှင်ခေမိန္ဒ၊ အရှင်သောပိတ၊ အရှင်စန္ဒိမာ ဦးဇင်း ၃ ပါးတို့သည် အောက်တိုဘာလ ၁၃ ရက် ညပိုင်း ၇ နာရီခွဲအချိန်ခန့်က နမ့်ဆန်မြို့နယ် ၊ ကောင်းကလေားကျေးရွာအုပ်စု၊ လွယ်ခလေးကျေးရွာ ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်ရာ လွယ်ပြတ်ကျေးရွာ ကားလမ်းဘေး လက်ဖက်ခြံအနီးတွင် မိုင်းနင်းမိ၍ ပေါက်ကွဲရာမှ ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

           

သိန်းထွန်းအောင် ကျောက်မဲခရိုင်ပြန်/ဆက်