မြိုင်မြို့ မြို့မဈေး၊ ယာယီဈေး နှင့် အိမ်ဆိုင်များတွင် Mask နှင့် Face Shield များတပ်ဆင်၍ ရောင်းချရန် ကြပ်မတ်ဆောင်ရွက်

မြိုင် ၂၆ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြို့မဈေး၊ ယာယီဈေးနှင့် အိမ်ဆိုင်များတွင် ရောင်းချနေသော ဆိုင်ရှင်များအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask၊ မျက်နှာအကာ Face Shield များ တပ်ဆင်ရောင်း‌ချစေရန် နှင့် အနည်းဆုံး (၆)ပေကွာ ရောင်းချရန်  စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် မြိုင်မြို့ မြို့မဈေး၊ ယာယီဈေး နှင့် မြို့ပေါ်ရပ်ကွက်များ၌ ရောင်းချနေသော အိမ်ဆိုင်များတွင် ရောင်းချနေသော ဆိုင်ရှင်များအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask၊ မျက်နှာအကာ Face Shield များ တပ်ဆင်ရောင်းချစေရန်နှင့် အနည်းဆုံး (၆)ပေကွာ ရောင်းချရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာကျော်သက်ခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်မြင့် နှ့င် ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြို့မဈေး၊ ယာယီဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆိုင်များအားလိုက်လံ၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်ပြန်ဆက်

 

mdn