မိုင်းကိုင်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်း နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မိုင်းကိုင်   ၁၆   ဧပြီ      

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်  စည်ပင်သာယာဈေးအတွင်း ယနေ့ မဟာသင်္ကနြ်အတက်နေ့ ဧပြီ ၁၆ ရက်နေ့၌ ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် မိဘပြည်သူများ၊ ဈေးသူဈေသားများအား အသိပညာပေးကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။

အဆိုပါကွင်းဆင်းမှုတွင်  မြို့နယ်အဆင့် ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍  ကျန်းမာရေးနှာခေါင်းစည်း (၅၀ဝ) ခုကို  အခမဲ့ဖြန့်ဝေခြင်း ၊ လက်သန့်ဆေးရေ များဖြင့် ဈေးသူဈေးသားများအား  လက်များသန့်စင်ပေးခြင်း၊ ကျန်းမာရေး အသိများရှိစေရန်၊  နှာခေါင်းစည်းတပ်ဆင်ရန်၊ ဈေးအတွင်း လူစုလူဝေးမဖြစ်စေရန်၊ လက်များအားမကြာခဏသန့်စင်ပေးရန်  စသည်ဖြင့် အသိပညာပေးနိုးဆော်မှုများ ပြုလုပ်ကာ  ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း  သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)