မြိုင်ကြီးငူအထူးဒေသတွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

လှိုင်းဘွဲ   ဩဂုတ်  ၈

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံတွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြိုင်ကြီးငူတိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာထိုးနှံကြသူများအား ကိုယ်ပူခြင်း/ချောင်းဆိုးခြင်း၊ တစ်ပတ်အတွင်း ဖျားနာခြင်း၊ အမောဖောက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

လှိုင်းဘွဲမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂၃၃)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၃၈)ဦး၊ Volunteer/ပရဟိတ (၇၂၉)ဦး၊ ဘုန်းကြီး၊ သီလရှင်၊ ဘာသာရေးကျောင်း (၂၇၃)ဦး၊ နိုင်ငံ့ဝန်ထမ်း (၉၉၀)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၄)ဦး၊ အလုပ်ရုံဝန်ထမ်း (၁၉)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း (၃၁)ဦးနှင့် ဈေးသည်(၈၂၃)ဦး စုစုပေါင်း(၄၁၄၀)ဦးတို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)