မိုင်းခတ်မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်ထားရှိ၍ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်

mdn

 မိုင်းခတ်   သြဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းခတ်မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်မိုင်းခတ်  မြို့အဝင်/အထွက်ဂိတ်များ ထားရှိ၍ စစ်ဆေးမှတ်တမ်းတင်ခြင်း၊  ခရီးသွားများရာဇဝင်များရေးသွင်းခြင်း ၊ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်သူများအား  အပူချိန်တိုင်းကိရိယာများဖြင့်  တိုင်းတာခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍  အပူချိန်မြှင့်တက်မှု၊ ထူးခြားမှုရှိသူကို တွေ့ရှိပါက  မြို့နယ်ပြည်သူ့ဆေးရုံသို့  ပို့ဆောင်၍  စစ်ဆေးမှု ခံယူစေခြင်း၊သတ်မှတ်ထားသော Quarantine Center များတွင် စောင့်ကြပ်ကြည့်ရှုရေး၊ဌာနဆိုင်ရာများအား နေ့ရက်အလိုက်တာဝန်ချထားဆောင်ရွက်လျက်ရှိသည်။

မိုင်းခတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိလာစေရေးဌာနဆိုင်ရာ တာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းအဖွဲ့များကမြို့နယ်၊ရပ်ကွက်၊ကျေးရွာများအထိသွားရောက်ပြီးကိုဗစ်-၁၉ရောဂါအသိပညာပေးထုတ်ပြန်ချက်များကိုအသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်