မိုင်းခတ်မြို့နယ် နမ့်မွဲကျေးရွာ၌ အမြွှာမိန်းကလေးငယ်နှစ်ဦး မွေးဖွားသည့်မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မိုင်းခတ်   ၁၈   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တုံဖကော်ကျေးရွာအုပ်စု နမ့်မွဲကျေးရွာရှိ အမြွှာမိန်းကလေး နှစ်ဦးမွေးဖွားသည့် မိသားစုဝင်များအား ထောက်ပံ့ပစွည်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိုးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ သွားရောက်၍ အမြွှာကလေးအတွက် လိုအပ်သည့်ပစွည်းများ ထောက်ပံ့ပေးခဲ့သည်။

 

ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် အမြွှာမိန်းကလေးနှစ်ဦးအတွက် လိုအပ်သောအဟာရပြည့်နို့မုန့်များ၊ ဆန်များ၊ အနွေးထည်များ၊ စောင်များ၊ ကလေးမိဘများအတွက် အနွေးထည်များ ကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ပြီး အမြွှာကလေးများအတွက် နိုင်ငံတော်မှတစ်လလျှင် ၃ သောင်း ကျပ်နှုန်းဖြင့် ၂ နှစ်ပြည့်သည်အထိ ထောက်ပံ့ငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုးဒေ (ပြန်/ဆက်)