မိုင်းခတ်မြို့နယ် ဟွေဖယ်ကျေးရွာ၌ လက်ပစ်ဗုံးဟောင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား

မိုင်းခတ်  ၂၆   မေ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပါပွန်းအုပ်စု၊ ဟွေဖယ်ကျေးရွာတွင် မေ ၂၅ ရက် နံနက် ၁၁ နာရီက လက်ပစ်ဗုံးဟောင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဒေသခံကလေးငယ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာသို့ မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ဟွေဖယ်ကျေးရွာနေ မောင်ယားအူ အသက်(၁၀)နှစ်၊ မောင်ကျာလားအသက်(၉)နှစ်တို့သည် ဟွေဖယ်ကျေးရွာနှင့် ပါရှင်ကျေးရွာကြား လယ်ကွင်းထဲသို့ ကျွဲကျောင်းသွားနေစဉ် လက်ပစ်ဗုံးဟောင်းတစ်လုံးအား ကောက်ယူခဲ့ပြီး လယ်တဲနေရာတွင် လက်ပစ်ဗုံးအား မောင်ယားအူ က မြေပေါ်သို့ချစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဖြစ်စဉ်ကြောင့် ယားအူမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး မောင်ကျာလားမှာ ဒဏ်ရာများ ရရှိခဲ့ကာ အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

 

မိုးဒေ (မိုင်းခတ်ပြန်/ဆက်)