မိုင်းဆတ်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၅ ဧကခန့် ဖျက်ဆီး

နေပြည်တော်  ၂    ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက်တွင် မိုင်းဆတ်မြို့နယ် ရှုခင်းသာ(၂)နှင့် (၃)ကျေးရွာကြား၊ ရှုခင်းသာ(၁)နှင့် (၂)ကျေးရွာကြား၊ဟားကွယ်ကျေးရွာအနီးတစ်ဝိုက်၌ အမြင့် ၂ ပေခွဲမှ ၃ ပေခွဲခန့်ထိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ ဟွေနော့ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာနှင့် ဟိုနမ့်ပူအောက်ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာအနီးတစ်ဝိုက်၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)