မိုင်းဆတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ အဆောက်အအုံ အလုံး ၃၀ ပျက်စီးဆုံးရှုံး

မိုင်းဆတ်  ၁၀   မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မေလ ၈ ရက်နေ့ ညနေ ၁၀ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ အဆောက်အဦ အလုံး ၃၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁)ကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ်(၆)လုံး ပျက်စီးဆုံးရှုံးမှု တန်ဖိုးလေးသိန်းကျော်နှင့် မယ်ကြုတ် (၂)ကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ်(၂၀)လုံး၊ သက်ကယ်မိုး၊ ထရံကာနေအိမ်(၂)လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ကိုယ်ထူကိုယ်ထ မီးရရှိရေးရုံးတစ်ရုံး စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး (၂၁)သိန်း၊ စုစုပေါင်းအဆောက်အဦ အလုံး ၃၀၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး(၂၅)သိန်းကျော် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက် ဆုံးရှုံးမှုမရှိဘဲ လေဘေးသင့် အိမ်ထောင်စု(၂၈)စုအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)