မိုးနဲမြို့နယ်၌ ဆွမ်းတော်ကြီးကပ်လှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးနဲ        စက်တင်ဘာ         ၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ နှစ်စဉ် မပျက် ကျင်းပမြဲဖြစ်သော ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို စက်တင်ဘာ ၈ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။

 

ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို ဥယျာဉ်ရပ်ကွက် စကြာသီဟဘုရားကြီး၌လည်းကောင်း၊ ပေါ့မိုင်ရပ်ကွက် မဟာသုခချစ်သာကြီးကျောင်း၌လည်းကောင်း၊ လွိုင်မြေရပ်ကွက် ဦးရွှေအောင်ဓမ္မာရုံကြီး၌ လည်းကောင်း၊ နမ့်မော်ဆွမ့်ကျောရွာ စိန်တောင်ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ပြုလုပ်ခဲ့ရာ ဆွမ်းတော်ကြီး လာရောက်ကပ်လှူသူ ပြည်သူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)