မိုးနဲမြို့၌  မသန်စွမ်းသူ(၁၅၈)ဦးအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

မိုးနဲ  ၃  စက်တင်ဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်  မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရှိ မသန်စွမ်းသူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဥယျာဉ်ရပ်ကွက် ၊နာဟောင်ရပ်ကွက် ၊လွိုင်မြေရပ်ကွက်နှင့် နောင်မြိုင်းကျေးရွာအုပ်စုများသို့ ကွင်းဆင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တာဝန်ခံစာရေးဝန်ထမ်းများ နှင့်လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများက  မသန်စွမ်းသူများ၏လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ရာ မိုးနဲမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူ (၁၅၈)ဦး အတွက်တစ်ဦးလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၃၀ဝ၀ဝ)နှုန်းစီဖြင့် စုစုပေါင်း ပေါင်းငွေကျပ် (၄၇၄၀ဝ၀ဝ) အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။   

 

မျိုးညွန့်ရွှေ (မိုးနဲ)