မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ၈၀ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

မိုးမိတ် မေ ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ မေ ၂၄ ရက်နေ့အထိ ၈၀ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကွယ်နိုင်ရေးနှင့် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရန်အတွက် (mobile Team) အဖွဲ့ဝင်များ ဖွဲ့စည်းပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသောသူများအား ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း ထိုးနှံပြီးစီးမှုဦးရေမှာ (၃၇၁၆၅) ဦး ဖြစ်ကြောင်း သိရသည်။

 

စည်သူဌေး (ခရိုင်ပြန်/ဆက်)