မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

မိုးမိတ်  ဇူလိုင်    ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ် ပြုလုပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဇူလိုင် ၁၄ ရက်တွင်  မြို့နယ်ပြည်သူ့ ဆေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ယခုအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ ပထမအကြိမ်တွင် ထိုးနှံရန်ကျန်းရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာနေပြည်သူ(၄၂၈ )ဦး သို့ ထိုးနှံပေးရန် လျာထားကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးရာတွင် ရှေးဦးစွာ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ် (၃၀) စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့အထိ မိုးမိတ်မြိုနယ်အတွင်း လူဦးရေ(၃၀၀၀)ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

မိုးမိတ်သား(စည်သူဌေး)