မိုးမိတ်မြို့နယ်တွင် အောက်စီဂျင် စက်ရုံတည်ဆောက်နိုင်ရေးနှင့် COVID–19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များအတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်း

မိုးမိတ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် COVID–19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ် ကာကွယ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်နေ ဦးတိုင်မိသားစုမှ အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း(၁၀၀)နှင့် COVID–19 ရောဂါနှင့်ပတ်သက်၍ အရေးပေါ် ကာကွယ်တုံ့ပြန် ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအတွက် ကျပ်သိန်း(၁၀၀)နှင့် စုစုပေါင်း ကျပ်သိန်း(၂၀၀) လှူဒါန်းခြင်း ဖြစ်သည်။

အဆိုပါလှူဒါန်းပွဲတွင်  ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က COVID–19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်သူများကို ကုသပေးနေသည့် အခြေအနေများနှင့် အလှူငွေများကို လာရောက်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး လှူဒါန်းငွေများကို ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။ 

မိုးမိတ်သား(စည်သူဌေး)