မိုးမိတ်မြို့၌  မြို့ဝင်မြို့ထွက်လမ်းများတွင်  ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးစစ်ဆေး

မိုးမိတ်   ၆   မတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့ဝင်မြို့ထွက်လမ်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကျန်းမာရေးစစ်ဆေးခြင်းကို မတ်  ၆ ရက် နံနက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင် တို့မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့ဝင်မြို့ထွက်လမ်းများ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန် တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းများအပြင် ကားဂိတ်များနှင့် လူစည်ကားရာ လမ်းဆုံများတွင် အသိပေးပိုစတာများ ကပ်ခြင်းများကို ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)