မိုးမောက်မြို့နယ်တွင် ငွေကျပ် သိန်း ၂,၂၀ဝ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈  သြဂုတ် 


မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တင်မောင်စိုး(ခ) အရှည်ကြီး မောင်းနှင်လာသည့် PARADO အမျိုးစားမော်တော်ယာဉ်နှင့် သန့်ဇင်အောင် မောင်းနှင်ပြီး  မဘောက်ဆိုင် လိုက်ပါလာသည့် X-TRAIL အမျိုးစားမော်တော်ယာဉ် ၂ စီး တို့ကိုရှာဖွေရာ PARADO အမျိုးအစားမော်တော်ယာဉ်မှ ငွေကျပ် သိန်း ၂၂၀ဝ တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၂ ကီလို၊ မြန်မာငွေကျပ် ၁၂ ဒသမ ၅ သိန်းနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ပူးပေါင်းအဖွဲ့သည် လွယ်ဂျယ်မြို့၊ ရင်ရင်ဟိုတယ်၊ အခန်းအမှတ်(၂၀၇)သို့ ဝင်ရောက်ရှာဖွေရာ တူးနန်နှင့် လဂျာ တို့အားတွေ့ရှိရပြီး ၎င်းတို့ထံမှ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၃ လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


(ကိုရဲ)