မိုးကုတ်မြို့တွင် ကျောက်မျက်တွင်းဟောင်းနံရံ ပြိုကျမှုဖြစ်ပွားပြီး ပိတ်မိလုပ်သား (၅)ဦးအနက် (၃)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ကာ ကျန် (၂)ဦးအား ဆက်လက်ရှာဖွေလျက်ရှိ

မိုးကုတ် ၇ မတ်

 

ယနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြောင်းပြင်အုပ်စု၊ မြေမဲရပ်၊ ကျောက်မျက်တွင်းဟောင်းအတွင်း ကျောက်မျက်ရှာဖွေရာမှ တွင်းနံရံများ သဘာဝအလျောက် ပြိုကျမှုဖြစ်ပွားခဲ့ရာ လုပ်သား (၅)ဦး ပိတ်မိခဲ့ပြီး (၃)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ကာ ကျန် (၂)ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပိတ်မိနေသူ လုပ်သားအမျိုးသား (၅)ဦးအနက် (၃)ဦးအား နံနက် ၁၁ နာရီခွဲခန့်တွင် (အသက်ရှင်လျက်) ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်လုပ်သား (၂)ဦးအား ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

MDN

ဓာတ်ပုံ- MFSD