မိုက်ပုတ်(ပန်ပိ) နှင့် ဆန်ကွယ် (နောင်ချို) ကျေးရွာများမှ Home Quarantine သတ်မှတ်ရက် ပြည့် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

မိုင်းပန် ၂ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မိုက်ပုတ်(ပန်ပိ)ကျေးရွာနှင့် ဆန်ကွယ်(နောင်ချို) ကျေးရွာများသို့ ဧပြီ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာ စိုင်းစောထူးအောင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်၍ ထိုင်းနိုင်ငံမှ ပြန်လာသည့် Home Quarantine သတ်မှတ်ရက်ပြည့် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် အလှူရှင်များမှ လှူဒါန်းသည့် ကြက်ဥ (၅ဝဝ) လုံး၊ ခေါက်ဆွဲခြောက် (၂ဝ) ဖာ တို့အား ဒေသခံပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ချက်များအတိုင်း ဂရုတစိုက် လိုက်နာကျင့်သုံးနေထိုင်ရန်၊ ကျန်းမာရေးနှင့်ပတ်သက်၍ ထူးခြားမှုတစ်ခုခုရှိပါက နီးစပ်ရာ ကျေးလက်ကျန်းမာရေးဌာနသို့ အမြန်ဆုံး အသိပေးအကြောင်းကြားပါရန် ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

 

မိုင်းပန်(ပြန်/ဆက်)