မိုးကြိုးထိမှန်၍ ဟိုတယ်မျက်နှာကျက်အတွင်းရှိ အသံလုံဝါဂွမ်းများ မီးကူးစက်‌လောင်ကျွမ်း

ညောင်ရွှေ ၃ ဇွန်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ ဟူပင်ဟိုတယ်ရှိ သစ်သားလုံးချင်း အဆောက်အဦ ခေါင်မိုးအား ဇွန် ၃ ရက် မွန်းလွဲပိုင်းက မိုးကြိုးထိမှန်၍ မျက်နှာကျက်အတွင်းရှိ အသံလုံဝါဂွမ်းများ မီးကူးစက်‌လောင်ကျွမ်းခဲ့‌‌ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဟိုတယ်ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မိုးကြိုးထိမှန် မီးကူးစက်မှုကြောင့် အသံလုံဝါဂွမ်းများနှင့် မျက်နှာကျက်အနည်းငယ် ပျက်စီးပြီး လူထိခိုက်သေဆုံးမှုများ မရှိကြောင်း သိရသည်။

 

နေမျိုးသူရိန်