မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၃  ဇန်နဝါရီ 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တည်ဆောက်ထား သည့် မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

 

111

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြို့ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ် ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးအား စက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စက်ရုံအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

DSC_

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့်မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ် ပေါ်စေရေးကိုအလေးထားဆောင်ရွက်ရန်မှာကြားပြီး မြို့ကြီးဓာတ်အားပေးစက်ရုံနှင့် တောင်တော် ကွင်းပင်မဓာတ်အားခွဲရုံတို့မှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိပြီး ၁၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုးအစား စက် ၂ လုံးဖြင့် တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၁၃၅ ဒသမ ၇ GWh ထုတ်လုပ်ရန် ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၆ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၃၃ ကေဗွီ (၂)ထပ် ဓာတ်အားလိုင်းဖြင့် ၁၀ ဒသမ ၈ မိုင်ခန့်ကွာဝေးသော တောင်တော်ကွင်းပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိသည်။ 

 

(မောင်မင်းနိုင်)

 

DSC