မိုးကောင်းမြို့၌ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲဖြေဆို

မိုးကောင်း ၂၅ ဖေဖော်ဝါရီ 

 

ကချင်ပြည်နယ် ပရိယတ္တိသာသနာ့နုဂ္ဂဟ ဆရာတော်များအဖွဲ့မှ ကြီးမှူးကျင်းပသော ပရိယတ္တိ သဒ္ဓမ္မပါလ စာမေးပွဲကို မဟာတိလောက ရာမကျောင်းတိုက်၌  ယနေ့မွန်းတည့် (၁၂) နာရီတွင် ကျင်းပသည်။

 

63.963

 

ပရိယတ္တိသဒ္ဓမပါလ စာမေးပွဲကို မြို့နယ်ရှိကျောင်းတိုက်များမှ စာဖြေသံဃာတော် ပထမကြီးတန်း (၁၁) ပါး၊ ပထမလတ်တန်း (၅) ပါး၊ ပထမငယ် (၂၀) ပါး၊ မူလတန်း (၃၆) ပါး စုစုပေါင်း (၇၂) ပါး ဝင်ရောက်ဖြေဆိုပြီး  မတ်လ (၂) ရက်ထိ  ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

525

 

စာမေးပွဲတွင် စာဖြေသံဃာတော်အားလုံးက  ဒွေမာတိကာ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိသမတ္ထသင်္ဂဟ ဘာသာရပ်တို့အား ဖေဖော်ဝါရီ (၂၇) ထိ ‌ဖြေဆိုကြမည်ဖြစ်ပြီး ပထမကြီးတန်းမှ အဘိဓါန်၊ အလင်္ကာ၊ ဆန်း၊ အထက်ယမိုက် (၅) ကျမ်း၊ ပဌာန်းကုသလတိတ် ဘာသာရပ်များကိုလည်းကောင်း၊ ပထမလတ်တန်းမှ မာတိကာ၊ ဓါတုကထာ၊ အောက်ယမိုက် (၅) ကျမ်း၊ ဘာသာပြန် ဘာသာရပ်များကို လည်းကောင်း၊ ပထမတန်းငယ်မှ တိကမာတိကာ၊ အဘိဓမ္မာ၊ ဒုကမာတိကာနှင့်မာတိကာ ဘာသာရပ် များကိုလည်းကောင်း၊ မူလတန်းအဆင့်မှ တိကမာတိကာကိုလည်းကောင်း မတ်လ (၂) ရက်ထိ ဖြေဆိုချိန် (၃) နာရီဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)   

 

85206