မိုဇမ်ဘစ်နိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဂွန်ဘီကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

မာပူတို မတ် ၁၅

 

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဂွန်ဘီကြောင့် မိုဇမ်ဘစ်နိုင်ငံ သေဆုံးသူဦးရေမှာ ၁၂ ဦးအထိ ရှိလာသည်ဟု သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျှော့ချရေး အမျိုးသားအင်စတီက မတ် ၁၃ ရက်တွင် ပြောသည်။

 

သစ်ပင်များနှင့် နေအိမ်များ ပြိုလဲခြင်းတို့ကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျှော့ချရေး အမျိုးသား အင်စတီကျုက ပြောသည်။

 

ဇမ်ဘီဇိုင်ယာပြည်နယ်တွင်လည်း ဆိုင်ကလုန်းကြောင့်လူတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ဇမ်ဘီဇိုင်နှင့် နမ်ပူလာ မြို့တို့တွင် လူပေါင်း ၃၀၀၅၄ ဦး ထိခိုက် ခံစားခဲ့ရသည်ဟု သိရသည်။

 

လူပေါင်း ၄၀ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပေါင်း ၃၀၁၄ အိမ်မှာ ပျက်စီးခဲ့ရသည့်အပြင် ကျောင်းပေါင်း ၁၁၃ ကျောင်းမှာလည်း မုန်တိုင်းဒဏ် ခံစားခဲ့ရသည်။ ယင်းကြောင့် ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၁၄၇၇၅ ဦးမှာလည်း မုန်တိုင်းဒဏ် ခံစားခဲ့ရသည်။

 

ဆင်ဟွာ