မိုးစပါး မျိုးသန့်ပွားပျိုးခင်းများ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းများ ဆောင်ရွက်

မိုင်းယောင်း  ၂၂  ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစိုက်နည်းစနစ် စမ်းသပ်ကွက်နှင့် မျိုးသန့်ပွားပျိုးခင်းများ၌ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နှင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် မိုးစပါး ဘာစမာတီစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုနှင့် မိုးစပါး ဆင်းဧကရီ-၃ ပျိုးထောင် ထားရှိမှုများကို ဒေသခံတောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားပြီး စိုက်နည်းစနစ် Seeder နှင့် ကြဲခင်းစိုက်ပျိုးခြင်းများအား စိုက်ပျိုးရေးဝန်ထမ်းများက လက်တွေ့သရုပ်ပြသခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ တောင်သူ ၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)