မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပြိုင်ပွဲစတင်ကျင်းပ

မြိတ်  ဒီဇင်ဘာ  ၂၈

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် တက္ကသိုလ်ဘောလုံး အားကစား သမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ကို ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တက္ကသိုလ် ဘောလုံးကွင်းတွင် ကျင်းပခဲ့ရာ ပြိုင်ပွဲကို မြိတ်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီနာယက၊ ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ 

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် အားကစားပြိုင်ပွဲ များ ကို  စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊  ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ဘောလုံး အားကစားဖြင့် မြိတ်တက္ကသိုလ်၏ ဂုဏ်ဆောင်နိုင်စေရေး၊  ဘောလုံးအားကစား အဆင့်အတန်းမြှင့်မားစေရေး ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။  

ပြိုင်ပွဲအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ မြိတ်လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်စိုးနှင့် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးဉာဏ်ဇော် တို့က  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆို ခဲ့ကြပြီး ပြိုင်ပွဲစတင်ကျင်းပရာ ညွန့်ပေါင်းအသင်းနှင့် ပထဝီဝင်အသင်းတို့ စတင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူ များ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အသင်းအသင်း(၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၁၆၀)ဦး ပါဝင်ယှဉ်ပြိုင်ကြ၍ ပြိုင်ပွဲကို ဒီဇင်ဘာ၂၇ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြိတ်တက္ကသိုလ်မှ သိရသည်။

ခရိုင် ပြန်/ဆက်