မိတ္ထီလာတွင် ခြောက်ဘာသာဂုဏ်ထူးရကျောင်းသူကျောင်းသားများနှင့် တစ်နိုင်ငံလုံး ဝိဇ္ဇာ/သိပ္ပံတွဲ ဒုတိယဆုရကျောင်းသားတစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်

မိတ္ထီလာ ၂၆  ဇွန် 

 

မိတ္ထီလာတွင် ၂၀၁၇-၂၀၁၈      ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးချွန်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အထက (၁) မှ ကျောင်းသူကျောင်းသား ၈ ဦး နှင့် တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာ/သိပ္ပံတွဲ ဒုတိယဆုရ ကျောင်းသား တစ်ဦးတို့အား ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ မှ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက အောင်မင်္ဂလာခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးရခြင်းကို ရှင်းလင်းမိန့်ကြားပြီး ကျောင်းသူ ကျောင်းသားများအား ဘာသာရပ်စုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးခဲ့သည့် ဆရာဆရာမများအား၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသိန်းကိုကို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦး၊ ခရိုင်ပညာရေးမှူးဒေါက်တာကျော်လွင်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာမြင့်  နှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ 

 

ဆက်လက်၍ ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူကျောင်းသား ၈ ဦးနှင့်တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာ/သိပ္ပံတွဲ ဒုတိယဆုရ ကျောင်းသားတစ်ဦး တို့အား တစ်ဘာသာ တစ်သိန်းကျပ်နှုန်းဖြင့် ဂုဏ်ပြုငွေ ၆ သိန်းကျပ်စီ ဖြင့် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကိုယ်စား အထက ၁ ကျောင်းအုပ် ဦးကြည်ဝင်း၊ ဆရာမိဘအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်စိုး နှင့် တာဝန်ရှိသူများ ကပေးအပ် ချီးမြှင့်ပြီး ဆရာတော်မှပညာရေးထူးချွန်အောင်ကြိုးစား၍ နိုင်ငံတော်မှ အားထားရသည့် လူတော်လူကောင်းများဖြစ်စေရန် ဆက်လက်  ကြိုးစားကြရန် ကျောင်းသူကျောင်းသားများ မိန့်ကြားခဲ့ကြောင်းသိရသည်။

 

 ချမ်းသာ (မိတ္ထီလာ)