မိတ္ထီလာတက္ကသိုလ်၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ  ၁၇  ဇွန် 


မိတ္ထီလာတက္ကသိုလ်ဘာသာ၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၁၇ နံနက် ၁ဝ နာရီ ၃ဝ မိနစ်က အဆိုပါတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပရာ အင်္ဂလိပ်စာ အသင်းအား ရူပဗေဒအသင်းက အနိုင်ရဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ နှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရ သတ္တဗေဒ အသင်းအား ရုက္ခဗေဒဌာန ၊  ပါမောက္ခ(ဌာနမှူး) ဒေါက်တာသန္တာကလည်းကောင်း ၊ ဒုတိယဆုရ ရူပဗေဒအသင်းအား မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာခင်မမလေးက လည်းကောင်း ၊ ပထမဆုရရှိသော သင်္ချာ အသင်းအား ဘူမိဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဇော်မင်းသိန်းကလည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆု ရရှိသော သင်္ချာအသင်းအား သမိုင်းဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာ မိုင်စမ်းစမ်းအေးက လည်းကောင်း၊ ဒုတိယဆုရရှိသော အင်္ဂလိပ်စာ အသင်းအား ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာနီနီအောင် ကလည်းကောင်း ၊ ပထမဆုရရှိသော ရူပဗေဒအသင်းအား  ရူပဗေဒဌာန ၊ ပါမောက္ခ(ဌာနမှူး)  ဒေါက်တာလှလှသန်း ကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ကြသည်။ ဆက်လက်၍ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု ရရှိသော သင်္ချာအသင်းအား တံခွန်စိုက်ဒိုင်းဆုကို ဒုတိယပါမောက္ခချုပ်ဒေါက်တာ ကေသီသင် ကလည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရူပဗေဒအသင်းအား တံခွန်စိုက်ဒိုင်းဆုကို တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာဘဟန်က လည်းကောင်း ပေးအပ်ချီးမြှင့်သည်။ 


အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲအား ဇွန် ၁၄ မှ ၁၇ အထိကျင်းပခဲ့ပြီး ဘူမိဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ သတ္တဗေဒ၊ သင်္ချာနှင့် ရုက္ခဗေဒ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။


ချမ်းသာ (မိတ္ထီလာ)