မိတ္ထီလာမြို့နယ်၌ ကလေးပန်းချီ သင်တန်း (အခမဲ့) ဖွင့်လှစ်

မိတ္ထီလာ ၁၄ စက်တင်ဘာ

 

မိတ္ထီလာမြို့နယ်၌ ကလေးများ၏ စိတ်ကူးစိတ်သန်းများကို ပုံဖော်ပြီး တီထွင်ဖန်တီးနိုင်မှု စွမ်းအားများ မြင့်တက်လာစေရန် ကလေးပန်းချီ သင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ ၃ ရက်တိုင်တိုင် အောင်ဆန်း ရပ်ကွက်ရှိ Actionaid Myanmar ရုံးခန်း၌ အခမဲ့ သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

 

 

“Actionaid Myanmar မှ မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာ(၃၀)မှ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် စိတ်ကူးစိတ်သန်းများ ရှင်သန်ပြီး တီထွင်ဖန်းတီနိုင်မှု စွမ်းအား မြင့်တက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း၊ ယခုလို ပန်းချီပညာသင်တန်း ဖွင့်လှစ်ပေးခဲ့သည်မှာ (၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ၎င်းသင်တန်းများတွင် ဖယောင်းပန်းချီ၊ ဝါးဂွမ်းပန်းချီ၊ ဖြတ်ညှပ်ကပ်ပန်းချီ၊ ပူးပေါင်းပန်းချီစသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း” Actionaid Myanmar မှ ဒေါ်မေသက်ထွေးက ပြောကြားခဲ့သည်။

 

အဆိုပါ ပန်းချီသင်တန်းကို မြို့နယ် အတွင်းရှိ စီမံကိန်း ကျေးရွာ(၃၀)မှ  ကလေးငယ် (၄၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ခဲပန်းချီနှင့် ဆေးပန်းချီ ပညာရပ်များကို အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)