မိတ္ထီလာမြို့နယ်လုံးကျွတ် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး

မိတ္ထီလာ  ၂၆  နိုဝင်ဘာ

 

မိတ္ထီလာမြို့နယ် လုံးကျွတ် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီက ကျီတော်ကုန်းရပ်ကွက် အောင်မြေလောက မိုးဃ်ကောင်း ဓမ္မာရုံအနီး၌  ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်လုံးကျွတ် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်း အခမ်းအနားအား    တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်  ၊  ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 

 

2

 

ဆက်လက်၍ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း လာရောက်ထိုးနှံကြသည့် ကလေးငယ် များအား    တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ခရိုင်ဆေးရုံအုပ်ကြီး ၊ ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဌေးဌေးဝင်း ၊မြို့နယ်အုပ်ချုပ် ရေးမှူး ဦးချမ်းငြိမ်းအောင်  နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးပြီး     ကာကွယ်ဆေး ထိုးနှံပြီးသည့် ကလေးငယ်များအား ကလေးကစားစရာအရုပ်များကို အမှတ်တရ ပေးအပ်သည်။

 

မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာများနှင့် ရပ်ကွက်များရှိ ကာကွယ်ဆေး ထိုးနှံရေးနေရာ ၄၀၃ နေရာတွင် အသက် ၉ လမှ ၅ နှစ် နှင့် ၆ လ မကျော်သော ကလေးငယ်ဦးရေ ၂၃၈၇၅ ဦးအား နိုဝင်ဘာ၂၆ မှ နိုဝင်ဘာ ၂၉ အထိ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးများကို အပိုဆောင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဒေါက်တာသန္တာလင်း၏ ပြောကြား ချက်အရ သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)