မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မိတ္ထီလာ၊  ၂၃ ဇန်နဝါရီ

 

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်းအား အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဇန်နဝါရီ ၂၂ ရက်က တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

 

ထိုသို့စစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၆ ဒသမ ၀၁၄ သန်းဖြင့် မုန်တိုင်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် အရှည် မိုင် ဖာလုံရှိ ကျေးလက်ကုန်ထုတ်လမ်းအား ကြည့်ရှုစစ်ဆေးရာ တင်ဒါအောင်မြင်သည့် သီရိမြင့်မိုရ် ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းက လုပ်ငန်းများ အချိန်မီပြီးစေးရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

 

 

အဆိုပါ ကုန်ထုတ်လမ်းပြီးစီးပါက မုန်တိုင်ကျေးရွာ၏ လယ်ယာလုပ်ငန်းမှ ထွက်ရှိလာသော ဒေသ ထွက်ကုန်များအား ရာသီမရွေး သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

သိန်းမြင့်ကျော်(မိတ္ထီလာ)