မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်တွင်  မသိုးသင်္ကန်း ရက်လုပ်ပူဇော်မည်

မိတ္ထီလာ နိုဝင်ဘာ ၁၂

 

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာစေတီတော်တွင်  နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်းရက်လုပ် ယှဉ်ပြိုင်ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေမျာကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ရက်ကန်းစင်တစ်စင်ဖြင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်သွားမည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိတစ်ဦးထံက သိရသည်။

 

“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ခါတိုင်းနှစ်တွေလို နဂါးရုံမဟာဗောဓိစေတီတော်ရဲ့ မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲကို  ဒီနှစ်မှာ မကျင်းပနိုင်ပေမယ့် ရက်ကန်းစင်တစ်စင်နဲ့တော့ မသိုးသင်္ကန်း ရက်လုပ်ပူဇော်သွားမှာ ဖြစ်ပါတယ်။ တန်ဆောင်းမုန်းလဆန်း ၁၄ ရက် ညနေပိုင်းမှာ မသိုးသင်္ကန်း စတင်ရက်လုပ်မှာဖြစ်ပြီး တန်ဆောင်းမုန်းလပြည့်နေ့ နံနက်အရုဏ်မတက်မီအချိန်မှာ ကပ်လှူပူဇော်သွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါစေတီတော်ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။

 

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာဗောဓိစေတီတော်တွင် မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲအား တန်ဆောင်းမုန်းလဆန်း ၁၄ ရက်နေ့တွင် ရက်ကန်းစင် ၄ စင်ဖြင့် ကျင်းပပြုလုပ်ပြီး မြို့နယ်အတွင်းရှိ ရွာသစ်၊ကက္ကူကန်၊ရွာတန်းရှည်၊ညောင်ပင်လျှိုစသည့်ကျေးရွာများမှ အမျိုးသမီးပြိုင်ပွဲဝင် ရက်ကန်းအဖွဲ့ ၄ ဖွဲ့က ပါဝင်ယှဉ်ပြိုင်ရက်လုပ်ပူဇော်လေ့ရှိကြောင်းသိရသည်။

ချမ်းသာ (မိတ္ထီလာ)