မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက်၌ လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မိတ္ထီလာ ၅ မတ်

မိတ္ထီလာမြို့အောင်ဆန်းရပ်ကွက်၌ မတ် ရက် ညနေ နာရီက လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက် အမှတ်()နယ်မြေရှိ ဦးမင်းအောင် (၅၀)နှစ်၏ အလျားပေ ၂၀၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ရာနေရာသို့ မြို့နယ်ရဲမှူး သိန်းထွန်း၊ မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူတို့က မီးသတ်ယာဉ်()စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိသော်လည်း သွမ်းမိုး၊ ထရံကာ မြေစိုက်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းမှ မီးပေါ့ဆစွာသုံးစွဲခဲ့သူ မင်းအောင်အား အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)