မြိတ်မြို့တွင် Myeik International Open ဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မြိတ်  ၂၆  ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် စစ်တုရင် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် Myeik International Open ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲကို မြိတ်မြို့ Sea View Mall တွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပသည်။

 

526

 

တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ မျိုးဆက်သစ်ကစားသမားတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်တုရင်ကစားသမား အကျော်အမော်တွေ အဆင့်မီစွာ ပြိုင်ပွဲတစ်ခုကျင်းပနိုင်ဖို့နဲ့ နိုင်ငံတကာ အားကစားသမားတွေ ဒီပြိုင်ပွဲကိုလာပြီး ယှဉ်ပြိုင်ဖို့ ကျင်းပရခြင်း ဖြစ်ပါတယ်။ အသက်အကြီးဆုံး ကစားသမားက (၆၅)နှစ်ဖြစ်ပြီး အငယ်ဆုံးက (၇)နှစ် ပါဝင်ကာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြတယ်။ ကစားသမားဦးရေ (၆၇)ဦးရှိကာ International Master (၂)ဦး ပါဝင်ပါတယ် ဟု မြိတ်မြို့နယ် စစ်တုရင်အသင်းဥက္ကဋ္ဌ ဦးကိုကိုဦး က ပြောသည်။

 

8

 

ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင် က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ရည်ရွယ်ချက်က ဒီထက်မက တိုးတက်ဖို့ရယ်၊ ပြိုင်ပွဲအတွေ့အကြုံ ရယူဖို့ရယ်၊ Player ကောင်းတွေနဲ့ ကစားရဖို့က အဓိကပေါ့ဗျ။ ပြည်တွင်းပြိုင်ပွဲက ပြိုင်ပွဲအားလုံးလိုလို ယှဉ်ပြိုင်ဖူးပါတယ်။ ပြည်ပကိုတော့ ဒီနှစ်မှ သွားဖို့အစီအစဉ် ရှိပါတယ်။ သွားတော့ မသွားဖူးသေးပါဘူး ဟု ရန်ကုန်တိုင်းဒေသကြီးမှ စစ်တုရင်ကစားသမား  ကိုကျော်မြင့်အောင် က ပြောသည်။

 

630

 

ပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းမှ ၂၆ ဦး၊ မွန်ပြည်နယ်မှ ၄ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၆ ဦး၊ ရှမ်းပြည်နယ်မှ ၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၄ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ၂၃ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

6

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)