မြိတ်မြို့တွင် မျိုးဆက်သစ်လူငယ်များအား အခြေခံဘောလုံးကစားနည်း သင်ကြားပေးလျက်ရှိ

မြိတ်  ၂၆ မေ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံဘောလုံးကစားနည်းကို မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မြို့မအားကစားကွင်း၌ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

 

8839

 

အဆိုပါ အခြေခံဘောလုံးကစားနည်းကို စိတ်ပါဝင်စားကြသော လူငယ် (၁၀ဝ)ကျော် လာရောက်သင်ကြားခဲ့ကြရာ အဖွဲ့ချုပ်နည်းပြအဖွဲ့မှ အခြေခံဘောလုံးကစားနည်းများဖြစ်သည့် ဘောလုံးပေးခြင်း၊ ဘောလုံးဆွဲကစားခြင်း၊ ဘောလုံးထိန်းကစားခြင်းတို့ကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး အပတ်စဉ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

8814

 

မြိတ်မြို့နယ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု လက်ရွေးစင် ဘောလုံးအားကစားသမားများကို နှစ်စဉ်မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံကိုယ်စားပြု လက်ရွေးစင် ဘောလုံးအားကစားသမား သုံးဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)