မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

မြိတ်  ၁၂  အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့ ကိုဗစ်ကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုသို့လှူဒါန်းရာတွင် မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ PPE အထည် ၅၀ ၊ Surgical Cap ၁၀ ဘူး၊ Infrared Thermomter ၅ ခုနှင့် အလှူငွေကျပ် ၃ သိန်းတို့ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုမှ လှူဒါန်းရာ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန် က လက်ခံရယူခဲ့သည်။

ထို့အတူ မြိတ်ပြည်သူ့ဆေးရုံတို့တွင် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီမှ Surgical Gowns အထည် (၁၀၀)၊ Surgical Gloves (၁၀၀)စုံ၊ Exam- Gloves ၅ ဘူးနှင့် အလှူငွေကျပ် ၅ သိန်း လှူဒါန်းခဲ့ရာ ဆေးရုံအုပ် ဒေါက်တာယုယုဝေက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)