မြိတ် ၆ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၃၁)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိတ်ခရိုင်ရုံးဝန်ထမ်း(၆)ဦးနှင့် မြိတ်မြို့ နယ်ရုံးဝန်ထမ်း(၇)ဦးတို့ စုပေါင်းလှူဒါန်းခဲ့ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းခဲ့ကြသူများကို နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး နှင့် အချိုရည် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


