မြိတ်မြို့ Sea View Condo ၌ တတိယအကြိမ်မြောက် စားဖွယ်စုံဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မြိတ် ၁၂ အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကမ်းနားလမ်း၊ Sea View Condo၊ sea view mall ၌ တတိယအကြိမ်မြောက် စားဖွယ်စုံဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ ရက် ည ၇ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စားဖွယ်စုံဈေးရောင်းဖွင့်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ဟိုသည်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာနမှ တိုင်းဉီးစီးမှူး ဉီးညိုအေး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဉီး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဉီး၊ မြိတ်ခရိုင် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဉီးထွန်းထွန်းနှင့် ပြည်ဖြိုးထွန်းကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဉီးမြတ်ကိုတို့က တိယအကြိမ်မြောက် စားဖွယ်စုံဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြိတ်တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားလေးများက အက၊ အလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ စားဖွယ်စုံဈေးရောင်းပွဲတော်တွင် ရောင်းချနေသည့် စားသောက်ဖွယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ တတိယအကြိမ်မြောက် စားဖွယ်စုံဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ နေ့စဉ်ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်တွင် မြိတ်ဒေသ ရိုးရာအစားအစာများ၊ ဒေသထွက် ပင်လယ်စာများ၊ မုန့်မျိုးစုံနှင့် လက်လုပ်ဖျော်ရည်များအပြင် ဒေသထွက်ကုန်များ စသည့် စားသောက်ဖွယ်ရာများကို ဆိုင်ခန်းပေါင်း ၅၀ ခန့်တွင် ရောင်းချပေးလျက်ရှိကြောင်း၊ ယင်းစားဖွယ်စုံဈေးရောင်းပွဲတော်တွင် မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဉီး ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော မြိတ်ဒေသထွက် သဘာဝအုန်းစိမ်းနှင့် ဝါးပလုတ်ဖျော်ရည်၊ ငါးပုစွန်နှင့် သဘာဝဟင်းရွက်ဖြင့် ပြုလုပ်ထားသော ဂေါ်ဖီငါးပုစွန်ပေါင်း၊ ပလတ်စတစ်ဘူးများကို သုံးစွဲမှုလျော့ချစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် ဖန်ဖြင့်ပြုလုပ်ထားသော ဖန်ရေဘူး၊ ဓာတုဗေဒ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသော ပန်ကန်ဆေးဆပ်ပြာရည်များကိုလည်း ဈေးရောင်းပွဲတော်တွင် ပူးပေါင်းပါဝင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)