မြိတ်အကျဉ်းထောင် နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ  အကျဉ်းသား/သူ စုစုပေါင်း(၂၂)ဦးပြစ်ဒဏ်လွတ်ငြိမ်းခွင်ရ 

မြိတ် ဧပြီ ၁၇

မြန်မာနှစ်သစ်မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ(၂၂)ဦးကို ယနေ့ မွန်းလွဲ(၁)နာရီက လွတ်ပေးခဲ့သည်။

ထို့သို့လွတ်ပေးရာတွင် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျ ခံနေရသည့်အကျဉ်းသား/သူများအနက်မှ အကျဉ်း သား/သူ(၂၂)ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန် ပါက၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့်လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား(၁၀)ဦး၊ အကျဉ်းသူ(၃)ဦး၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၉)ဦး  စုစုပေါင်း အကျဉ်းသား/သူ (၂၂)ဦးတို့ကို အဆိုပါနေရာများတွင် အကျဉ်းထောင် တာဝန်ခံအရာရှိ နှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )