မြိတ်၊မော်လမြိုင်နှင့် လောက်ကိုင်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့နယ်၊ ပဆွပ်ကျေးရွာအုပ်စု၊ မရမ်းပင်ချောင်းကျေးရွာ အနီးတွင် မျိုးဇော်ထိုက် ကို ဆာလာအိတ်တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ကွင်းရပ်ရပ်ကွက်၊ ဇင်ယော်လမ်း၊ အိမ်အမှတ်(၂၀)ရှိ ဇာနည်(ခ)အရွတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၇၈ ပြား ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေစန်း(ခ)လောက်စန်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၇၄၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)