MISS TOURISM & HERITAGE 2018 မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အလှမယ်များ ရွေးချယ်

မန္တလေး ၅ စက်တင်ဘာ 

 

ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ဓလေ့ထုံးတမ်းများကို ပြသခွင့်ရရှိမည့် Miss Tourism & Heritage 2018 ၏ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု အလှမယ်များ ရွေးချယ်ပွဲကို စက်တင်ဘာ ၃ ရက် ည ၇ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် ၇၈ လမ်းထောင့်ရှိ Hotel Marvel ၌ ကျင်းပခဲ့သည်။

 

Myanmar Male Pageant Academy Production က ကြီးမှူး ကျင်းပသည့် Miss Tourism & Heritage 2018 Mandalay Region City ပြိုင်ပွဲဝင် ၁၄ ဦးထဲက မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအလှမယ်၊ အမရပူရ ကိုယ်စားပြုအလှမယ်၊ ကျောက်ဆည် ကိုယ်စားပြုအလှမယ်၊ မြင်းခြံ ကိုယ်စားပြုအလှမယ်၊ ရမည်းသင်း ကိုယ်စားပြုအလှမယ်၊ သာစည် ကိုယ်စားပြုအလှမယ်၊ ပုဂံ ကိုယ်စားပြုအလှမယ် စုစုပေါင်း ခုနစ်ဦးကို ရွေးချယ်ကြသည်။

 

အဆိုပါ မန္တလေးတိုင်းဒေသကြီးအတွက် ရွေးချယ်ထားသည့် မြို့ကိုယ်စားပြု အလှမယ် ခုနစ်ဦးနှင့် မိတ္ထီလာမြို့ ကိုယ်စားပြုအလှမယ် တစ်ဦးတို့သည် အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည့် Grand Final ပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့ကိုယ်စားပြုအလှမယ် များနှင့်အတူ ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး Miss Tourism & Heritage 2018 မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်သုံးဦးကို ရွေးချယ်ကာ နီပေါနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။

 

၀၀၂