မိသားစုတစ်ပိုင်တစ်နိုင် မြက် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိ

မင်းဘူး၊  ဒီဇင်ဘာ  ၈

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ်(၄) ချမ်းသာကြီးရပ်ကွက်တွင် မိသားစု တစ်ပိုင်တစ်နိုင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရသည်။

 

တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် မြက်ထုံး၊ ဝါး၊ လျှော်ကြိုး၊ သံ၊ ကြေးနန်းခွေတို့ကို အသုံးပြုကြရပြီး မြက်ထုံးများ၊ ဝါးများကို ဂုတ်ကြီး၊ အမ်းမြို့များမှဝယ်ယူကာ မြက်တစ်ထုံးလျှင် ကျပ် ၈၀ဝ၀၊ ဝါး ၁၀ဝ စည်း တစ်စည်းလျှင် ကျပ် ၁၂၀ဝ၀ ပေးရသည်။ ကြေးနန်းကြိုးခွေ၊ ပလတ်စတစ်ကြိုး၊ သံနှင့် ကော်စွပ်များကို မင်းဘူးဈေးမှ ဝယ်ယူ၍ ကော်စွပ်တစ်ခု ကျပ် ၂၀၊  ပလတ်စတစ် လျှော်ကြိုးတစ်ခင် ကျပ် ၅၀ဝ၊ ကြေးနန်းကြိုးတစ်ခွေ ကျပ် ၁၀ဝ၀၊ သံတစ်ဆယ်သား ကျပ် ၄၀ဝ ဖြင့် ဝယ်ယူ၍ ယောကျာ်းလေး ငါးယောက်၊ မိန်းကလေး ငါးယောက် တစ်နေကုန်ပြုလုပ်ပါက တံမြက်စည်း အချောင်းရေ ၁၀ဝ၀ ကျော်အထိ ပြီးကြောင်း သိရသည်။

 

တံမြက်စည်း ရောင်းဈေးများမှာ သုံးမျိုးရှိပြီး ဝါးရိုးတံမြက်စည်း အတိုတစ်ချောင်းလျှင် ကျပ် ၁၀ဝ၀၊ အရှည်တစ်ချောင်းလျှင် ကျပ် ၂၅၀ဝ၊ မြက်ပင်များကိုစုစည်းပြီး ပြုလုပ်ထားသော စုတ်ပွ တံမြက်စည်း တစ်ချောင်းလျှင် ကျပ် ၈၀ဝ ဖြင့် ရောင်းချရသည်။ လုပ်အားခများအနေဖြင့် တံမြက်စည်း တစ်ချောင်းပြီးလျှင် ငွေကျပ် ၅၀ ပေးရပြီး တံမြက်စည်း ပြုလုပ်၍ပြီးသည့် အရေအတွက်အပေါ် မူတည်ကာ လုပ်အားခ ရှင်းပေး ရသည်။ ယောကျာ်းလေး၊ မိန်းကလေး တစ်နေ့ ငွေကျပ် ၆၀ဝ၀ ရရှိ၍ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းလေး တစ်ခုဖြစ်ကြောင်း တံမြက်စည်း လုပ်ကိုင်ရောင်းချသူ ဦးမင်းဇော်ထံမှ သိရသည်။

 

ဇေယျာထက်(မင်းဘူး)