မီနီမာရသွန်(ကျား/မ)ပြိုင်ပွဲ တီးတိန်တွင်ပြုလုပ်

တီးတိန်  ၄     ဇန်နဝါရီ    


ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး  (TSDP) အစီအစဉ်အရ  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းပြီး  မီနီမာရသွန်(ကျား/မ)ပြိုင်ပွဲကို ဇန်နဝါရီလ  ၄ ရက်နေ့တွင်ပြုလုပ်သည်။


မာရသွန်ပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၂၀ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ကမ်းဟောက်အားကစားကွင်းမှ နံနက် ၆ နာရီခွဲတွင် တာလွှတ်သည်။ ပြိုင်ပွဲဝင်သူများသည် ဆုတောင်းကုန်းမှ အားကစားကွင်းသို့ ပန်းဝင်ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်နှင့် မြို့နယ်တာဝန်ရှိသူများက မီနီမာရသွန်ဆု၊ နှစ်သိမ့်ဆုရရှိသော ကျား(၁၀)ဦး၊  မ(၁၀)ဦးတို့အား ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN