မီနီအိုးဝေ(သုံးဘီးဆိုင်ကယ်) ကယ်ရီသမားများ ခရီးသည်မရှိသည့်အတွက် အခက်ကြုံတွေ့

ညောင်ဦး  ၁၀  မေ            

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ လာရောက်မှုမရှိသည့်အတွက် ဆိုင်ကယ်အငှားယာဉ်၊ မီနီအိုးဝေ (သုံးဘီး ဆိုင်ကယ်) များဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် ကယ်ရီသမားများ ပုံမှန်ဝင်ငွေမရရှိဘဲ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

 

“ပုဂံညောင်ဦးဒေသတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်မှု မရှိတော့တဲ့အတွက် လုပ်ငန်းအားလုံးပဲ ဟိုတယ်၊ စားသောက်ဆိုင်များ၊ ဧည့်လမ်းညွှန်များ အပါအဝင် မြင်းလှည်း၊ သုံးဘီး အစရှိတဲ့ လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားတာ မဟုတ်ဘဲ ရပ်နားနေရတာပါ၊ ခရီးသည်မရှိတဲ့အတွက် ပုံမှန်ဝင်ငွေမရရှိဘဲ အခက်ကြုံတွေ့နေရပါတယ်” ဟု ညောင်ဦးမြို့ဒေသခံ သုံးဘီး အငှားယာဉ်မောင်းတစ်ဦးမှ ပြောပြ၍ သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)